Searching...
4/8/13

♥♥“အဝေးရောက် ထွက်ဆိုချက်”♥♥

၁၀နှစ်လား
၁၅နှစ်လား
အနှစ် ၂၀လား

ငါတို့
ဘယ်လောက်ထိ ဝေးရမလည်း

ရင်တွင်း ခံစားချက် ကြိုးတွေ သီကုံးရင်း
အိပ်မက် ၀ရုန်းသုန်းကားထဲမှာ
အဖော်ကွဲ...
သင်းကွဲလို့
တစ်ယောက်တည်း အားနည်းနေရတုန်း..။

ပင်လယ်ခြား

တယ်
မြေပြင်ခြားတယ်
နာရီတွေခြားတယ်

ကမ္ဘာတစ်ဖက်တစ်ချပ်ဆီ ဝေးချင်တိုင်းဝေး
လွင့်ချင်တိုင်းလွင့်နေတဲ့
ခေါ်မကြား အော်မကြား ခံစားချက်တွေ
ပြင်းပြင်းထန်ထန်လှုပ်ခတ်မှုတွေနဲ့အတူ
အသည်းထဲ နင့်လို့
ရင်ထဲ အောင့်လို့
နှလုံးသားထဲ စူးလို့

စိတ်ရှိလက်ရှိ စိုစွတ်ဖို့
ငါ့ ရာသီဥတုက မျက်ဝန်းမှာ တွဲခို ဥတယ်..

ချစ်သူရေ
တကယ်တော့

ငါတို့နှစ်ယောက်ကြား
ရှေးရေစက်ကိုက ခါးနေလို့လားတော့ မသိ

တံတိုင်းတွေခြား
ပင်လယ်တွေခြား
အတားအဆီးတွေများနေပေမယ့်

မျှော်လင့်ချက် အကြည့်
နွေးထွေးတဲ့ အသိနဲ့

ရင်နှစ်ခုလုံး စွဲငြိ
အခုထိ လွမ်းလို့ ကောင်းနေတုန်း.....။

(လင်းသထွန်း)

0 အမှတ်တရအရေအတွက်:

Post a Comment

 
အပေါ်သို့!