Searching...
4/8/13

♥♥♥“တစ်ကိုယ်စာချစ်ခြင်း”♥♥♥

သီးသန့် တစ်နေရာစာ
တစ်ကိုယ်စာ ချစ်ခြင်းတွေနဲ့
နင့်အနားမှာ
ခဏတာနေခွင့်ရရင်တော်ပြီ...........။

မြတ်နိုးမှုကို တရိုတသေခေါက်သိမ်း
တစ်ကိုယ်ရေ တစ်ကာယ စွဲလမ်းမှုတွေနဲ့
ငါ့ ချစ်ခြင်းကို

စိတ်ကြိုက်ထုဆစ်မယ်.........။

နင်နဲ့ ပတ်သက်သော ချစ်ခြင်းမေတ္တာကို
နှလုံးသားက ဖယ်ထုတ်လို့မရသမျှကာလပတ်လုံ
ငါ့ ကမ္ဘာမှာ ဘာတွေပဲဖြစ်ဖြစ်
ငါ့စိတ်ကူးနဲ့ ငါပျော်တယ်..................။

ငါတန်းဖိုးထားတဲ့အရာ
ငါမြတ်နိုးစွာချစ်နေသမျှ
ငါ့....ဘ၀...ငါ့...အနာဂတ်
မျှော်လင့်ချက်တွေ ပျက်ခဲ့ရင်တောင်
ငါ့ နှလုံးသားက တမ်းတ
လွမ်းရတဲ့ ဘ၀နဲ့ပဲ သေပျော်တယ်..............။

(လင်းသထွန်း)

0 အမှတ်တရအရေအတွက်:

Post a Comment

 
အပေါ်သို့!