Searching...
4/10/13

နင် ငါ ပို့ထားတဲ့ မက်ဆေ့တွေကို ဖျက်စ ပြုလာပြီနော်



နင် အရင်က ဖုန်းစခရင်မှာ အမြဲထားနေကျ ငါ့ပုံလေးတွေကို ဖျက်စ ပြုလာပြီနော်

နင် ငါခေါ်တဲ့ဖုန်းတွေကို အရေးလုပ်ပြီ မကိုင်တာ အကြိမ်ရေများစ ပြုလာပြီနော်

နင် ငါနဲ့ တွေ့ဖို့ ချိန်းလိုက်တိုင်း အမြဲလိုလို ပျက်ကွက်တာတွေ များစ ပြုလာပြီနော်

“ မအားဘူး ”
“ အလုပ်ရှုပ်နေတယ် ”
“ အဆင်မပြေဘူး ”
“ စိတ်ရှုပ်နေတယ် ”

အရင်လို မဟုတ်တဲ့ နင့်ရဲ့  အကြောင်းပြချက်တွေ တမျိုးနဲ့ တမျိုး မရိုးနိုင်တဲ့ ဆင်ခြေတွေက ဘယ်ခရီးကို ဘယ်လိုလှမ်းချင်နေတယ်

ဆိုတာ ငါ သိပါတယ်

ထုတ်မမေးပါရစေနဲ့

နင့်ရဲ့  ခေါင်းညိတ်ဝန်ခံချက်နဲ့အတူ ငါ့ လိပ်ပြာတစ်ခုလုံး ချိတ်ပါသွားမှာစိုးလို့ပါ

နင့်နှုတ်ဖျားကနေ နှင်မယ့်အချိန်ထိ ဒီဥပေက္ခာ တွေကို ထမ်းပိုးရင်း အသက်ကို မျှင်းမျှင်းရှုရှိုက်နေရလဲ ငါ ကျေနပ်ပါတယ်

သေမိန့်ကျ လူတစ်ယောက်အနေနဲ့ ကြိုက်နှစ်သက်ရာပုံစံနဲ့ စီရင်ခွင့်လေးတော့ တောင်းဆိုပါရစေ .................







မြရိပ်ဇင် (ဆေး-၂)

0 အမှတ်တရအရေအတွက်:

Post a Comment

 
အပေါ်သို့!