ရင်ဘတ်ထဲက အလွမ်းတွေထုဆစ်
ကျူးရင့်သီလိုက်တဲ့ ဒီတေးတစ်ပုဒ်က
ဝေးကွာခြင်းကို မိုင် နဲနဲလျော့သွားရင်ကောင်းမယ်
ရင်ဘတ်ထဲက မျက်ရည်တွေထုဆစ်
ရေးဖွဲ့သီလိုက်တဲ့ ဒီကဗျာတစ်ပုဒ်က
ဝေးကွာခြင်းကို အဆုံးသတ်ပေးရင်ကောင်းမယ်
ပြန်ဆုံရင်ပေးဖို့
သိမ်းထားတဲ့အလွမ်းတွေ
ဒီရေလိုတရိပ်ရိပ်တက်နေတော့
နင်ငြင်းလိုက်မှာစိုးတယ်
အလွမ်းတူရင် ချိုပါတယ်
ဝေးကွာခြင်းတွေ မျက်ကွယ်ပြုလို့
အလွမ်းတွေ ပင်လယ်လောက်ဝေလဲ
တစ်ချိန်မှာဆုံနိုင်ဖို့
ကဲ ငါတို့ခြေလှမ်းတွေပြိုင်တူလ
0 အမှတ်တရအရေအတွက်:
Post a Comment