ဘာကြောင့်လဲ
အနီးဆုံးနေရာ တခုစီက
အဝေးဆုံးတွေ ဖြစ်နေရတာ
ဘာကြောင့်လဲ ချစ်သူ
ကိန္ဒရီ ကိန္ဒရာ မောင်နှံက
ချောင်းတွေခြားလို့ ဝေးနေရပေမဲ့
ငါတို့ဘ၀တွေက
ရေမြေမခြားပဲ
ဘာကြောင့်ဝေးနေကြရတာလဲ
နားလည်မှုတွေနဲ့ အပြန်အလှန်ချွေးသိပ်ရင်း
မျှော်လင့်နေဆဲပါပဲ
မဝေးတော့မဲ့ နေ့တနေ့ အတွက်ပေါ့
ဘာကြောင့်လဲ
Home
»
Unlabelled
» ဘာကြောင့်လဲ
Share This To :

0 အမှတ်တရအရေအတွက်:
Post a Comment