"ငါတို့သဘော"
ဧည့်သည်လာသည်
ကြားရသည်တွင်
ရွှင်ကြည်ပျူငှာ
ဝမ်းသာစွာဖြင့်
ကြိုကာနှုတ်ခွန်း ဆက်ပါ၏။
ဧည့်သည်ရှိချိန်
ငါ၏အိမ်မှ
တင်းတိမ်ရောင့်ရဲ
မနည်းစေတနာ
ကျေပွန်စွာဖြင့်
ကောင်းစွာလုပ်ကျွေး ပြုပါ၏။
သင်းကားဧည့်ကောင်း
ဆိုလာကြောင်းမူ
ငါကောင်းစွာရှု
သူကောင်းပြုလျှက်
တုမဲ့စိတ်ယူ
ငါကြည်ဖြူ၏
သို့ဟူမဟုတ်
ပလီရုပ်ဖြင့်
ယုတ်ညံ့သဘော
သင့်၌ရောသော်
စောကြောတွေဝေ
ငါမနေပဲ
ဖဲလေအိမ်မှ
ငါနှင်ရမည်
ထိုမှမဟုတ်
သင်တွယ်ကုပ်သော်
ငါခုတ်သောဓါး
သင်လည်ကြားသို့
အသွားထက်ထက်
သင့်ဇက်ကိုဖြုတ်
အမျိုးယုတ်ကို
တစ်သုတ်မကျန်
ငါရှင်းလှန်မည်
ဧကန်မပျက် သဘောတည်း။
6/11/12
Subscribe to:
Post Comments (Atom)
0 အမှတ်တရအရေအတွက်:
Post a Comment