ကြယ်ငိုတဲ့နေ့
ကြယ်တွေတောင် ငိုခဲ့ဖူးတယ် ...
မျှော်လင့်မထားခဲ့ပါဘူး
ဖြစ်ချင်တာတွေ ဖြစ်နေတာတွေထက်
ဖြစ်သင့်တာတွေပဲ တွေးထားခဲ့သူပါ
ဟောဒီ့ကမ္ဘာမြေမှာ
မင်းရှိတယ်ဆိုတဲ့ အသိနဲ့တင်
ပြည့်စုံခဲ့သူပါ
ရေထိပန်းလို လန်းစေချင်တာ
ငါ့ဆန္ဒပါ
သိပ်အကြာကြီးနေခွင့်မရတဲ့ ငါ့အတွက်
မင်းဟာ ... မေခလာပါပဲ
ကျေးဇူးပါ
အားလုံးအတွက် အရာအားလုံးအတွက်
ငါ့ရင်ခုန်သံ စည်းချက်တွေအတွက်
ကြည်ပြာရောင် အလွမ်းစိမ်းလန်းမှုတွေအတွက်
ကြယ်တွေ ... တကယ် ... ငိုခဲ့ဖူးတယ် ။
0 အမှတ်တရအရေအတွက်:
Post a Comment