အသီးကင်းနေတဲ့ ဧဒင်ဥယျာဉ်မှာ
အချစ်ပန်းကိုနမ်းရှိုက်မက်တဲ့လူ
ကမ္ဘာဦးကအာဒမ်မဟုတ်ပေမဲ့
ချစ်သူပေးတဲံရာဇသံအတွက်ဆိုရင်
ကာရန်စပ်လို့ ကဗျာတစ်ပုဒ်
အရှာထုတ်ကာ ချစ်သူကိုဆက်သမဲ့
ချစ်သူရဲ့အနမ်းစောင့်ကြယ်လေးပါ
ချစ်သူအမှတ်ရစေဖို့အတွက် အမှတ်တရဆိုတာ
တို့နှစ်ဦးကြားမှာမရှိခဲ့ရင်တေ
အသက်တစ်မျှချစ်ပါတယ်လို့ကိုယ်ြေ
စကားတစ်ခွန်းက ဖြတ်မရတဲ့သံယောဇဉ်အတွက်
နှလုံးသွေးနဲ့ ရေးတဲ့သက်သေပါ
ကောင်မလေးရယ်ကိုယ့်ဘက်ကလေ
မင်းရင်ခုန်စေလောက်တဲ့ ရူပါလဲမ၇ှိသလို
မင်းကြွေစေလောက်တဲ့ ဗျူဟာလဲမခင်းကျင်းခဲ့ပါဘူး
မင်းကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့
ကိုယ့်ဘ၀ဟာ မင်းအတွက်တော့
ဘာမဟုတ်တဲ့အညတရဆိုပေမဲ့
နင့်နှုတ်ဖျားကတသသခေါ်စေချင်တဲ့
ငါ့နာမည်အတွက် ဒါဟာငါ့ရဲ့အတ္တတစ်ခုဆိုရင်
ပုံပြင်ထဲကဒသလို ငါ့အချစ်ကိုနင်အသိအမှတ်မပြုခဲ့ရ
နင့်အပေါ်ရှုံးနိမ့်နေဆဲဆိုတာကို
ငါမ၇ှိတော့တဲ့နောက်ပိုင်းမှာ ဖြစ်ခဲ့ရင်တောင်
ငါ့ရဲ့ဝိဥာဉ်နဲ့စိတ်အစဉ်ဟာ နင့်နှလုံးသားမှာ
ထာဝရကိန်းအောင်းနေတယ်ဆိုတာကိုတေ
မတိမ်းစောင်းဘဲနဲ့ ယုံကြည်ပေးပါတော့
ကောင်မလေးရာ...................
0 အမှတ်တရအရေအတွက်:
Post a Comment