Searching...
6/11/12

ဝေးကွာခြင်းတွေနဲ့ ယုံကြည်ခြင်း

ရေတွေခြား မြေတွေခြားနဲ့
ပင်လယ်သမုဒ္ဒရာရဲ့ကြားမှာ
အတွေးတွေကို အပိုင်းခွဲလို့
ကျွန်မလိုပဲ သူလဲဆွေးနေမှာပဲ…

ဝေးကွာခြင်းတွေနဲ့ ယုံကြည်ခြင်း
ဆုံမှတ်မရှိသေးတဲ့ မြစ်နှစ်စင်းလို
အတ္တတွေမာနတွေ စီးချင်းထိုးကြ
နှလုံးသားမှာတော့ ဒဏ်ရာရနေခဲ့ပြီ…

ပြိုင်သူမဲ့တဲ့
အချစ်တွေနဲ့ပါ
ဆိုင်သူမသိတဲ့ အဖြစ်တွေက
ဘေးစကားတွေကြောင့် အပြစ်ဖြစ်ရတယ်
ကျွန်မကလဲ ဘယ်ဝေးချင်ပါ့မလဲ…

အလွမ်းသင့်နေတဲ့နှလုံးသား
ကာရံထားတဲ့ သစ္စာတရားနဲ့
ချစ်ခဲ့မိတဲ့ ကျွန်မဟာ
တကိုယ်တော် အဆွေးသမားလေးပါ…

0 အမှတ်တရအရေအတွက်:

Post a Comment

 
အပေါ်သို့!