Searching...
6/12/12

ခံစားမှုတွေပြင်းထန်တိုင်း


ချစ်သူ…
ကတိတွေအခါခါပေးပြီးတိုင်း
နင်ဖြတ်တယ်
စကားမတည်လို့နာနေတဲ့ရင်ကို
ဝင်ကြည့်လှည့်ပါ
... နင့်အတွက်သိမ်းထားတဲ့
စကားလုံးများစွာရှိတယ်။

ခံစားမှုတွေပြင်းထန်တိုင်း
ကျလာတဲ့မျက်ရည်ကိုနင်မြင်နိုင်မလား
ငါ့လက်နဲ့ဓား
အကြိတ်အနယ်ရန်ဖြစ်တယ်
ကျလာတဲ့သွေးစက်တွေကိုနင်မြင်ယောင်ကြည့်ပါ
ချစ်ခဲ့တာမှန်တယ်ဆိုရင်
တစ်ခေါက်လောက်တော့ကတိတည်လှည့်ပါ

0 အမှတ်တရအရေအတွက်:

Post a Comment

 
အပေါ်သို့!