Searching...
6/22/12

အချိန်တွေ နာရီတွေ မိနစ်တွေ စက္ကန့်တွေ လည်ပတ်နေသလို

♥ငါ့နှလုံးသားလေးထဲကို မင်းဝင်ကြည့်နိုင်တယ်♥

ငါဟာပန်းလေးတွေပွင့်လာချိန်ကိုစောင့်ကြည့်နေမိသလို

မင်းရဲ့အချစ်ကိုစောင့်မျှော်ရင်းရိုးရှင်းတဲ့အချစ်တွေနဲ့ နေထိုင်နေပါတယ်

ချစ်သူရေ......
အချိန်တွေ နာရီတွေ မိနစ်တွေ စက္ကန့်တွေ လည်ပတ်နေသလို

မင်းကိုချစ်တဲ့ အချစ်တွေနဲ့ နာရီ မိနစ် စက္ကန့်မလပ် လည်ပတ်နေပါတယ်..........
ဒီကမ္ဘာမြေပေါ်မှာ နေ့တွေညတွေ နေ့တိုင်းတွေ့ရှိနေသလို

မင်းကိုငါ့နှလုံးသားကအမြဲတွေ့ရှိချင်တယ်
ချစ်သူရယ်..........
တေးသီ ငှက်ကလေးတွေလို မင်းရဲ့ချစ်စကားကိုအမြဲစောင့်မျှော်နေပါတယ်

တိမ်ပြာပြာတွေပေါ်မှာ ငါရဲ့အချစ်တွေကို

မင်းမြင်နိုင်ပါတယ်

လမင်းကြီးပေါ်မှာလဲ ငါ့ရဲ့အချစ်တွေကိုမင်းမြင်နိုင်ပါတယ်

ငါ့နှလုံးသားလေးဟာကောင်းကင်ပေါ်မှာလှည့်ပတ်နေတဲ့
ကြယ်တာရာအစုအဝေးလိုပဲ
မင်းကိုချစ်တဲ့အချစ်တွေနဲ့လှည်ပတ်နေထိုင်နေပါတယ်
♥ငါ့နှလုံးသားလေးထဲကို မင်းဝင်ကြည့်မယ်ဆိုရင်မြင်နိုင်ပါတယ်
ငါသိပ်ချစ်ရတဲ့ချစ်သူရယ်..............♥♥

0 အမှတ်တရအရေအတွက်:

Post a Comment

 
အပေါ်သို့!