**အိပ်မက်နိဂုံး**
အားလုံးပြီးဆုံးသွားပြီတဲ့
ဖိတ်စာအသစ်စက်စက်လေးက ပြောတယ်
ဒီကနေ့ဆိုတာ နောက်တစ်နေ့ကျ မနက်ဖြန်ပဲ
အပြောင်းအလဲဆိုတာ မပြောင်းမလဲ တည်မြဲနေမယ့်တရားပဲ
အလွမ်းတွေလှိုက်စားထားတဲ့ နာရီများ
စီးကရက်မီးခိုးငွေ့တွေနဲ့ မိုးလင်းခဲ့တဲ့ညများ
နင့်နာမည်နဲ့ စီးရီးလိုက် ရေးဖွဲ့ဖြစ်ခဲ့တဲ့ကဗျာများ
ပွင့်ပြီးရင် ကြွေတတ်တဲ့ပန်းတွေလို
ဇာတ်လမ်းတိုင်း
ဇာတ်သိမ်းရှိတတ်တာ ဓမ္မတာ
ကံကြမ္မာပဲ ဆိုပြီးတော့
ဝါးလုံးရှည်နဲ့ သိမ်းမရမ်းချင်ဘူး
တရားရှာ ကိုယ်မှာတွေ့တဲ့
အမှားရှာတော့လည်း တရားခံက ကိုယ်ပဲ
လောလောဆယ်
ရွက်သစ်ဝေေ၀ သစ်ပင်ကလေးကိုသာ
အားကျနေမိပါရဲ့ ...
နေညိုအောင်လည်း အသဲကွဲဖူးတာပဲ
မခူးဆွတ်ခဲ့ရလည်း စပျစ်သီးက အချိုပါပဲ ...
စိတ်နဲ့စိတ်ကို ထိန်းသိမ်းမောင်းနှင်ချင်လည်း
စိတ်က စိတ်ကို အလိုလိုက်မိနေဆဲ ..... ။ ။
0 အမှတ်တရအရေအတွက်:
Post a Comment