Searching...
6/8/12

အရင်လိုပဲလွဲပြန်ပြီ

နောက်တစ်ခါ ပစ်လိုက်တဲ့မြားက
အရင်လိုပဲလွဲပြန်ပြီ
မြားနတ်မောင် လက်မှိုင်ချ
မချိပြုံးလေးနဲ့ ပခုံးတွန့်ပြတော့
အကျည်းတန်တဲ့ ကံကြမ္မာကိုပဲ
surgery လုပ်ပစ်ချင်မိတယ်…………
အလွမ်းတွေကလဲ ခုထိကြေကွဲလို့ကောင်းတုန်း
အသည်းနှလုံးရဲ့သွေးစက်တွေနောက်
ခြေရာခံလိုက်သွားတော့
အမုန်းမြို့ပျက်ထဲမှာ
ခရီးဆုံးခဲ့လေရဲ့……………….
မျှော်လင့်ခြင်းအားကိုးနဲ့ အချစ်တစ်စလောက်များ
ငါ့အတွက်ရှိလေမလားလို့ ရှာကြည့်တော့
ငါ့စိတ်တွေ အကျဉ်းချခံခဲ့ရတာပေါ့…………..
ရက်စက်ခြင်းက င့ါအတွက် နာကြင်စရာတွေလက်ဆောင်ပေးလာတဲ့အခ
ကြေကြေကွဲကွဲပြုံးရင်း ကျေကျေနပ်နပ်လက်ခံခဲ့တယ်
မာယာနတ်သားလေးနင်က နောက်ချစ်ရဲသေးလားတဲ့
တောက်ပတဲ့မျက်ဝန်းအစုံနဲ့ အားတက်သရောခေါင်းညိတ်ပြတော့
ငါ့အတွက်ဆုလဒ်ဆိုပဲ……….
လှောင်ရယ်သံတွေပျံ့လွင့်လို့………
အမုန်းမြို့ထဲမှာ ငါ့အချစ်တွေလမ်းပျောက်ခဲ့ပြီ…………….။

0 အမှတ်တရအရေအတွက်:

Post a Comment

 
အပေါ်သို့!