ငါနင့်ကိုချစ်ခဲ့တာ
မုန်းဖို့မှမဟုတ်တာပဲ
တကယ်တမ်းအပြစ်ရှိခဲ့တယ်ဆိုရင်တောင်
ဒီ အမိုက်မက ခွင့်လွှတ်အရှုံးပေး
နင့်အတွက် ကျေအေးပေးမဲ့လူပါ……
မာနဆိုတာတွေလည်း
နင်အလည်လာချိန်ထဲကပျောက်ဆုံး
ငါလည်းကျဆုံးခန်းရောက်ခဲ့ပါပြီ… …
အယုံမလွယ်ခဲ့ပေမယ့်
ငါ…ယုံစားခဲ့မိတယ်….
ချစ်တယ်…လို့ နင်တဖွဖွပြောခဲ့တဲ့စကားတွေက
ခုတော့ ငါ့ရင်ကို တစစနဲ့ ဆုတ်ဖြဲ..
အတိတ်တွေကအရိပ်လို ငါ့နောက်ကို ကပ်လိုက်နေဆဲမို့
အချစ်ဆုံးရေငါလည်း ချစ်မြဲချစ်ဆဲလို့
နင့်ချစ်သူအနားက နင်….. နားဆင်လှည့်
0 အမှတ်တရအရေအတွက်:
Post a Comment