ချစ်တယ်ဟေ့
ချစ်တယ်...
အသကုန်
ပိုးစိုးပက်စက်
အူလှိုက်သည်းလှိုက်
ဝက်ဝက်ကွဲ
မဟားဒယား
ဖလန်းဖလန်း
ဇောက်ထိုးမိုးမျှော်
မီးကုန်ယမ်းကုန်
အနေအထားမျိုးစုံနဲ့ ခင်ဗျားကို ကျုပ် ချစ်တယ်...။
ထပ်ဖြည့်ဖို့စကားလုံးမကျန်ေ
ဗျည်း (၃၃)လုံး
သရပါ မကျန်
အက္ခရာမှန်သမျှ
အားလုံး ကြားကြားသမျှ...
ရှိသမျှသတ်ပုံကျမ်းအစုံနဲ့
ခင်ဗျားတစ်ယောက်ကိုပဲ
စကားလုံးရွေးချယ်မှု မရှိတော့လောက်အောင် ပုံပြီးတော့ချစ်တယ်...။
ဒါကိုမှ မယုံရင်
ရင်ကိုခွဲ အသည်းကိုထုတ်
လက်ဆောင်လုပ်ပေးမယ်
ကျုပ် ခင်ဗျားကို အဲလောက်ထိ ချစ်တာပါ ယုံ....။
(လင်းသထွန်း)
0 အမှတ်တရအရေအတွက်:
Post a Comment