နေပင်မြင့်လည်း
မရင့်သေးသည့်၊ ချိုထန်းရည်ကို
သောက်သည် ငါတို့ တစ်ကျိုက် နှစ်ကျိုက်။
သူတို့ ကျွှေးကြ
ကျေးလက်ဟင်းလျာ၊ အဖြာဖြာသည်
ရင်မှာဆို့အောင် စုံလှသည်။
ဆွေမျိုးတွေ့သို့
မမေ့စရာ ၊ လွန်ပျူငှာသည်
ရပ်မှာမွဲလည်း စိတ်မမွဲ။
သူတို့အကြောင်း၊ တို့အကြောင်းနှင့်
မြို့ကြောင်း ရွာကြောင်း၊ အကြောင်းကြောင်းကို
သောင်းပြောင်းထွေလာ၊ပြောချင
နေပါဦးလား၊ သူတို့တား။
သို့ပင်ဖြစ်လည်း
မစင်လက်ရေ၊ ခနနေပြီး
ဝေေ၀မင်းလွင်၊ နေပူပြင်ကို
အလျင်ကျော်လွှား၊ ငါတို့သွားရန်
စကားကောင်းတုန်းဖြတ်ခဲ့ရ။
ငါတို့ခရီး၊ ပန်းတကြီးကား
လှမ်းပြီးလှမ်းရန် ကျန်သေးသည်။
မင်းသုဝဏ်
0 အမှတ်တရအရေအတွက်:
Post a Comment