Searching...
8/31/12

မင်းလိုပါပဲ

ပွဲကြိုက်သူများ
---------------
ဖြစ်နိုင်မလား
မေတ္တာထုထည်ကြီးက သိပ်ကြီးမားလို့
ထုချေပေးဝေဖို့ ခက်ခဲနေရင်

အိတ်ကပ်ထဲက အသုံးမကျတဲ့
စာနာခြင်းအပိုင်းအစပဲ ပစ်ချလိုက်ပေါ့။

မင်းလိုပါပဲ
သိက္ခာဆိုတဲ့ တိုက်ပုံကို ၀တ်ချင်တာပေါ့
ညစ်ပေတဲ့လက်နဲ့စားရင် ၀မ်းနာတတ်တယ်ဆို
ရှေ့ဆုံးတန်းကထိုင်ခုံ မ၀ယ်နိုင်ပေမယ့်
နောက်ဆုံးတန်းကနေလည်း
ဟန်ဆောင်ခြင်းတွေကို မြင်နေရတာပဲ
ပွဲသိမ်းရင်
ကိုယ့်ဖျာလိပ် ကိုယ်ထမ်းကြေးနော်။

0 အမှတ်တရအရေအတွက်:

Post a Comment

 
အပေါ်သို့!