Searching...
7/11/12

အချစ်အစက သာသာယာယာ

မတွေ့ဖူးသေးပေမယ့်
စိတ်ကူးယဉ်အတွေးတွေနဲ့
ယစ်မူးစရာအချစ်ကိုဖွေရှာ...
အဲဒီအချိန်မှာ
အလွမ်းဆိုတာ မေ့ထား
အမုန်းဆိုတာ ဘယ်နားလို့မေးရလောက်အောင်..
အချစ်အစက သာသာယာယာ
သက်ဝင်လှုပ်ရှားနေတဲ့ ပက္စက္ခအခြေအနေမှာတော့
အချစ်ဆိုတာ....
စိတ်ကူးထားတာတွေနဲ့လွဲ
ယစ်မူးစရာလည်း မဟုတ်ခဲ့ဘဲ
ချန်ထားခဲ့မလားလို့ စိုးရိမ်
ကျန်ခဲ့ရမှာလား

ကြေကွဲ
နောက်ဆုံးတော့...
သြော်...တဖက်သတ်နဲ့ပဲကောင်းပါတယ်လို့
ကိုယ့်ကိုယ်ကို ဆုံးဖြတ်...
ခုတော့ တဖက်သတ် တဖက်သတ်နဲ့
နှလုံးသားလဲ ကြေမွ
ဝေခွဲမရစိတ်နဲ့သာ အသက်ရှင်ရင်း.....
ဒိုင်ယာရီလေးလည်း..

0 အမှတ်တရအရေအတွက်:

Post a Comment

 
အပေါ်သို့!