Searching...
6/22/12

အဆိပ်ခွက်မှန်း မသိလို့

တန်ဖိုးမဲ့မေတ္တာ
_____/\______

ပျော်ရွှင်သံလား နာကျင်သံလား
လှောင်ရီသံလား ငိုကြွေးသံလား
ကြည်နှူးသံလား အထီးကျန်သံလား
ဝေခွဲမရအောင် အသိတရားတွေကို
အမှောင်ချထားလို့လား ...

သက်ေ၇ာက်မှု့ သီအိုရီတွေထဲ
မေတ္တာဆိုတာ အေ၇ာင်မဲ့သွားတယ် ...

ကမ္ဘာကြီးကပြောင်းပြန်လည်ပတ်နေတာလား
နာရီနှင်တံတွေနောက်ပြန်သွားနေတာလား
ရူးကြောင်ကြောင်
အတွေးနဲ့
စိတ်ကူးခဏယဉ်လိုက်သေးတယ် ...

အဆိပ်ခွက်မှန်း မသိလို့
သောက်သုံးခဲ့တဲ့ဝိုင်တစ်ခွက်
ငါမသေခင်ထိ အရသာခံနေမိတယ် ...

အလင်းအမှောင် ခွဲခြားစိတ်ဖြာနိုင်တဲ့
အသိတရားရှိဖို့ ကိုယ့်ကိုကိုယ်
သရဏဂုဏ် တင်ထားတယ် ...

နောင်လာနောက်သားတွေပြောခွင့်ကြုံရင်တော့
ပေးခဲ့ဖူးတဲ့ မေတ္တာတိုင်းမှာ
အတ္တမပါခဲ့ဘူးဆိုတာ
တစ်ယောက်သောသူ သိပါစေ...

0 အမှတ်တရအရေအတွက်:

Post a Comment

 
အပေါ်သို့!