မင်းရဲ့ လှည့်စားမှုအောက်မှာ
ကာရံမဲ့ ကဗျာတွေစပ်ဆို
အကြွင်းမဲ့ ပုစ္ဆာတွေကို တွက်ရင်း...
အလွမ်းမျက်ရည် မြစ်ထဲက
မတက်နိုင်သေးတဲ့ ငါ့အဖြစ်.....
နာကျင်မှုတွေကို ခါးသီးစွာခံယူရင်း
ရလဒ်အားလုံးရဲ့အကြွင်းဟာ
ဒဏ်ရာတွေနဲ့ 
အလွမ်းတွေပါပဲ..
တစ်ကယ်ဆို.. ငါကလည်း
မင်းရဲ့လှည့်စားခြင်းတွေ အောက်မှာ.....
ချစ်တဲ့စိတ်ကို အရင်းတည်
အပြစ်ဟူက မြူမျှမထင်
သူသာ....
ငါ့ဘဝသခင်လို့ 
ခုထက်တိုင် အမှတ်မရှိဘဲ
ငါ့နှလုံးသား အမုန်များကိုဘေးဖယ်
အပြုံးတရား ရင်ဝယ်ပိုက်လို့ 
ငါ့ဘဝသက်ဆုံးတိုင် ....
မမုန်းရက်နိုင်တာ ခတ်တယ်...။
6/18/12
Subscribe to:
Post Comments (Atom)
0 အမှတ်တရအရေအတွက်:
Post a Comment