Searching...
6/11/12

ကဗျာသမား စာသမား မဟုတ်ခဲ့ပေမယ့်

နင့်ကိုစတွေ့ ကတည်းကချစ်ခဲ့ တာပါ ။
ဒီစကားကို နင်နဲ့ တွေ့ တိုင်းပြောပြချင်နေတယ် ။ ။
ကဗျာသမား စာသမား
မဟုတ်ခဲ့ပေမယ့်
နင့်ကြောင့် …
အချစ်အတွက် ဆရာတစ်ပါးလို
ကဗျာတွေ ငါရေးတတ်နေတယ် ။ ။
နင့်မျက်ကွယ်မှာ
ကြင်နာခြင်းအချို့ ကို
ထင်ယောင်ထင်မှားဖြစ်အောင်
ပြခဲ့တာမဟုတ်ပါဘူး ။
ငါ့နှလုံးသားက ခိုင်းစေတယ့်အတိုင်း
ချစ်တယ်ဆိုတယ့် စကားတစ်ခွန်းကြောင့်
ငါတို့ နှစ်ယောက်ဝေးကွာမှာကို ခံနိုင်ရည်ရှိအောင်
နှလုံးသားက ပြုပြင်ဆဲ ပါ ကောင်လေးရယ် ။ ။

0 အမှတ်တရအရေအတွက်:

Post a Comment

 
အပေါ်သို့!